ပုစွန်ခြောက်ပြုလုပ်နည်း

Posted by: Omigar • August 24, 2025

Post Image
ပုစွန်ခြောက်တွေဝယ်စားရတာ စျေးကြီးလွန်းနေလား ခုပဲ ကိုယ်တိုင်လုပ်လိုက်ပါ။
အရည်အသွေး ကောင်းမွန်ပြီး ဈေးကောင်းရသော ပုစွန်ခြောက်ဆိုသည်မှာ ပုစွန်အရောင်သည် ပန်းရောင်ဖြစ်ပြီး အရသာမှာ ဆားပေါ့ခြင်းဖြစ်သည်။ အရည်အသွေး ကောင်းမွန်သော ပုစွန်ခြောက်ရရှိစေရန် ပုစွန်ပြုတ်ခြင်းနှင့် အခြောက်ခံခြင်းသည် စနစ်ကျရန် အရေးကြီးပါသည်။ သော ပုစွန်ကို ရေဖြင့်စင်ကြယ်စွာ ဆေးပါ။ ထို့နောက် ပုစွန်ကို ရေစစ်ထားပါ။ ဒန်အိုးအတွင်း ပုစွန်ထည့်ပြီး ပုစွန်မြုပ်ရုံသာ ရေထည့်ပါ။ ထည့်သောရေသည် ရေကြည်ဖြစ်ရမည်။ ပုစွန်တစ်ပိသာလျှင် ဆား(၁၀)ကျပ်သား ထည့်ပါ။ ထို့နောက် မီးဖြင့်ရေဆူသည့်အထိ ပြုတ်ပါ။ ရေဆူသည့် အချိန်တွင် ပုစွန်သည် ပန်းရောင်ဖြစ်လာမည်။ ပုစွန်အသားနှင့် အခွံကွာလာမည်ကို တွေ့ရမည်။ ထိုအချိန်တွင် ပုစွန်အား ဇကာထဲ လောင်းထည့်ပြီး ရေစစ်ထားရပါမည်။

ပြုတ်ပြီးသော ပုစွန်များအား နေဖြင့်အခြောက်ခံခြင်း၊ မီးအပူပေးပြီး အခြောက်ခံခြင်းတို့ဖြင့် ဆောင်ရွက်နိုင်သည်။ နေဖြင့်အခြောက်ခံရာတွင် Solor Drying Hut ဖြင့် အခြောက်ခံခြင်းသည် အသင့်တော်ဆုံး ဖြစ်ပါသည်။ နေဖြင့်အခြောက်ခံရာတွင် မကြာခဏ မွှေပေးရမည်။ (၁)ရက်ဖြင့် မခြောက်ပါက (၂)ရက်ထိ နေလှန်းရပါမည်။ မီးပြင်းမပေးရပါ။ ဝါးစကာထဲရှိ ပုစွန်ကို အထက်အောက် (၁၅)မိနစ် တစ်ကြိမ် ပြောင်းပေးရပါမည်။ အနည်းဆုံး (၅)နာရီမှ (၁၀)နာရီအတွင်း ပုစွန်များ ခြောက်သွေ့လာမည်ဖြစ်သည်။

ခြောက်သွေ့လာသော ပုစွန်များအား ပီနံအိတ်ထဲထည့်ပြီး ထုရိုက်၍ အခွံချွတ်ပါ။ အခွံနှင့်အသားကို စကာထဲထည့်ပြီး ခွဲထုတ်ပါ။ ရရှိလာသော ပုစွန်ခြောက်အား အေး၍ခြောက်သွေ့သော နေရာတွင် သိမ်းဆည်းနိုင်ပါသည်။ ပုစွန်ခြောက်၏ အရသာသည် ဆားပေါ့ပြီး ပန်းရောင်ကို ရရှိနိုင်ပါသည်။ ပုစွန်အစိမ်း (၁)ပိသာအား ပုစွန်ခြောက် ပြုလုပ်လျှင် ပုစွန်ခြောက် (၁၂)ကျပ်သား မှ (၁၅)ကျပ်သားသာ ရရှိနိုင်ပါသည်။

Comments

Please login to comment.
buspajakku
11 months ago

အရမ်းကြိုက်တယ်

admin
11 months ago

အချိန်မပေးနိုင်လို့ဝယ်ပဲစားတော့မယ် ဟေ့

fastejoknu
11 months ago

I like this food!